ကျွန်တော်တို့ နေထိုင်တဲ့ ပတ်ဝန်းကျင်မှာ နည်းပညာတွေဟာ သိသိသာသာ နေရာယူလာပါတယ်။ နည်းပညာတွေ လွှမ်းမိုးလာတဲ့ ကမ္ဘာကြီးမှာ ရှင်သန်နေထိုင်ကြတဲ့ လူသားတွေဟာလည်း ကမ္ဘာကြီး ရဲ့ တိုးတက်နေတဲ့အရှိန်အဟုန်နဲ့ လိုက်ပါစီးမျောနိုင်ဖို့ ခေတ်မီပညာရပ်တွေကို အမြဲလေ့လာနေဖို့ လိုအပ်ပါတယ်။ဒါကြောင့် ကမ္ဘာကြီးဟာရွာကြီးသဖွယ် ဖြစ်နေတဲ့ ယနေ့ခေတ်မှာ လူငယ်တွေကို နောက်ဆုံးပေါ်နည်းပညာတွေနဲ့ အကျွမ်းတဝင်ရှိစေဖို့ ရည်ရွယ်ပြီးတော့ E Learning Community Center ကို တည်ထောင်ခဲ့ပါတယ်။
အံ့သြစရာကောင်းအောင် ပြောင်းလဲတိုးတက်နေတဲ့
ခေတ်ကြီးမှာ မည်သူမဆို စိတ်ဝင်စားတဲ့ပညာရပ်များကို သင်ယူဖို့ အခွင့်အရေးရှိသင့်တယ်လို့ ယုံကြည်ပါတယ်။ ဘ၀နယ်ပယ် အသီးသီးမှာအောင်မြင်လိုသူတွေအတွက် ကိုယ်ဝါသနာပါတဲ့ ပညာရပ်တွေကိုတစ်နေရာတည်းမှာ လေ့လာသင်ယူနိုင်ဖို့ E Learning Community Center က အထောက်အကူအဖြစ်အမြဲ အတူရှိနေမှာပါ။
ဘာသာစကားဆိုင်ရာ ပညာရပ်တွေ၊နည်းပညာဆိုင်ရာ ပညာရပ်တွေကိုပါလေ့လာလို့ရနိုင်မှာဖြစ်တဲ့အတွက်ကြောင့် ပြည်တွင်းပြည်ပ အလုပ်အကိုင်အခွင့် အလမ်းတွေရချင်တဲ့ သူတွေအတွက်လည်း မိမိဖြစ်ချင်တဲ့ ဘ၀တစ်ခု ပုံဖော်နိုင်ပြီးအောင်မြင်မှုခြေလှမ်းသစ်တွေကို စတင်နိုင်ပါတယ်။ E Learning Community Center မှာ အပြင်သင်တန်းရော Onlineသင်တန်းပါ နိုင်ငံတကာအဆင့်မီ ကျွမ်းကျင်ဆရာ၊ဆရာမများက ဘ၀အတွေ့အကြုံတွေကို အခြေခံပြီးတော့ အသိပညာ၊ အတတ်ပညာတွေ မျှဝေသင်ကြားပေးနေပါတယ်။
ကျွန်တော်တို့ရဲ့ ရည်မှန်းချက်ကလဲ လူငယ်တိုင်း မိမိစိတ်အားထက်သန်တဲ့ ပညာရပ်တွေကိုလေ့လာပြီး ရည်မှန်းချက်တွေကိုအကောင်အထည်ဖော်တဲ့အခါ အထောက်အပံ့ ပေးနိုင်ဖို့ဖြစ်ပါတယ်။
Write a public review